- စာရင်းဌာန၏လုပ်ငန်းတာဝန်များ
- အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- ငွေပေးချေမှုစနစ်များကို ကြီးကြပ်ထိန်းကျောင်းရန် ဥပဒေ၊ စည်းမျဉ်းမူဘောင် များချမှတ် ခြင်းနှင့် လမ်းညွှန်ချက်များနှင့် လုပ်ငန်းလက်စွဲများထုတ်ပြန်ခြင်း၊
- လုံခြုံစိတ်ချရပြီး ခိုင်မာ၍စွမ်းဆောင်ရည်ပြည်ဝသော ငွေပေးချေမှုတိုးတက်စေရန် ဆောင်ရွက် ခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
- ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများကို ကြီးကြပ်ထိန်း ကျောင်းရာတွင် Payment market infrastructure များဖြစ်သော CBM-NET system ၊ MPU တို့အား ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊
- ဘဏ်များ၏နောက်ဆုံးအားထားရာ ကာလတိုချေးငွေထုတ်ချေးသူအဖြစ် ဆောင်ရွက်ခြင်း၊
- နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေခြင်းနှင့် ယင်းငွေချေးသက်သေခံလက်မှတ် များ ကို ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အများပြည်သူသို့ ရောင်းဝယ်ခြင်း၊
- ဘဏ်များအား ကာလတိုချေးငွေနှင့် ကြိုတင်ပေးငွေ များထုတ်ပေးခြင်း၊
- နိုင်ငံခြားဘဏ် ဘဏ်ခွဲများ ၊ လက်အောက်ခံဘဏ်များအား ငွေကြေးနှင့် အခြားလိုအပ် သော အကူအညီများပေးခြင်း၊
- ငွေရေးကြေးရေးဈေးကွက်များတွင် လိုအပ်သလို ဝင်ရောက်ရောင်းဝယ်ခြင်း၊
- အစိုးရအဖွဲ့၏ငွေရေးကြေးရေးဆိုင်ရာ အကြံပေးနှင့် ဘဏ္ဍာရေးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊
- နိုင်ငံခြားအစိုးရများ သို့မဟုတ် နိုင်ငံခြားဗဟိုဘဏ်များက ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် ငွေတိုက်လက်မှတ်များနှင့် အခြားငွေချေးသက်သေခံ လက်မှတ်များ သို့မ ဟုတ် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ယင်းတို့၏ အပြည် ပြည်ဆိုင်ရာအသင်းအဖွဲ့များက ထုတ်ဝေသော အစုရှယ်ယာများ သို့မဟုတ် ငွေချေး သက်သေခံလက်မှတ်များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်း ဝယ်ဖောက်ကားခြင်း၊
- အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ၊ ပြည်ပရှိ ဗဟိုဘဏ်များ၊ ငွေကြေး အာဏာပိုင်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် မိမိ၏ ငွေစာရင်းများကို ဖွင့်လှစ်ထားရှိခြင်း၊
- အစိုးရအဖွဲ့၏ အပ်ငွေများကို လက်ခံပြီး အစိုးရအဖွဲ့၏ ကိုယ်စား ယင်းငွေ စာရင်းများမှ ငွေပေးချေမှုများ ပြုလုပ်ပေးခြင်း၊
- ပြည်ထောင်စုလွှတ်တော်၏ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့သို့ ချေးငွေထုတ် ချေးခြင်း၊
- ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူလက်ဝယ်ရှိ အစိုးရငွေ ချေးသက်သေခံ လက်မှတ်များကို ဝယ်ယူခြင်းနှင့်ရောင်းချခြင်း ပြုလုပ်နိုင်ခြင်း၊
- ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် စာရင်းများဖွင့်လှစ်၍ အပ်ငွေများလက်ခံခြင်း၊
- လစဉ် ငွေရေးကြေးရေးရှင်းတမ်းများရေးဆွဲခြင်းနှင့် နှစ်စဉ် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေ စာ ရင်းရှင်းတမ်းများကို ရေးဆွဲပြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ပေးပို့၍ နှစ်ချုပ် အစီရင်ခံစာအား အစိုးရအဖွဲ့သို့ တင်ပြခြင်း၊
- အစိုးရအဖွဲ့၏ငွေစာရင်းများ ကို ထိန်းသိမ်းခြင်းဖြင့် အစိုးရအဖွဲ့၏ဘဏ်အဖြစ် ဆောင်ရွက် ခြင်း၊
Loading content ...
