The Central Bank of Myanmar Law -2013

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ ။)

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ 

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဟု ခေါ်တွင် စေရမည်။

၂။ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

 

(က)

နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

 

(ခ)

အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆိုသည်။

 

(ဂ)

ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနကို ဆို သည်။

 

(ဃ)

ဗဟိုဘဏ်ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကို ဆိုသည်။

 

(င)

ဘဏ်ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ တည်ထောင်သော ဘဏ်ကို ဆိုသည်။

ဆက်လက်ဖတ်ရန်