| မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- |
| (က) |
ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
| (ခ) |
နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ |
| (ဂ) |
အစိုးရအားနိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍ အကြံပြုခြင်း၊ |
| (ဃ) |
နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊ |
| (င) |
ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ |
| (စ) |
ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကိုထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း၊ |
| (ဆ) |
ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ် စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊ |
| (ဇ) |
ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်များ စနစ်တကျနှင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်း ကွက်ကဲခြင်း၊ |
| (ဈ) |
လုံခြုံစိတ်ချရပြီး ခိုင်မာ၍ စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကြပ်မတ်ကွပ် ကဲခြင်း၊ |
| (ည) |
ဘဏ်များ၏ နောက်ဆုံးအားထားရာ ငွေချေးသူအဖြစ် ဆောင်ရွက်ခြင်း၊ |
| (ဋ) |
အစိုးရ၏ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရ၏ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊ |
| (ဌ) |
အစိုးရ၏ ငွေရေးကြေးရေးဆိုင်ရာ အကြံပေးနှင့် ဘဏ္ဍာရေးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခြင်း၊ |
| (ဍ) |
ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘဏ်အဖြစ်ဆောင် ရွက်ခြင်း၊ |
| (ဎ) |
ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် စာရင်းများဖွင့်လှစ်၍ အပ်ငွေများ လက်ခံခြင်း၊ |
| (ဏ) |
ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အစိုးရအချင်းချင်းကြား ထူထောင်ထားသော အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန် ဝတ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံ ဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း။ |