အစိုးရငွေတိုက်စာချုပ်များထုတ်ဝေရောင်းချခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူ့များငွေကြေးစုဆောင်းမှုအခွင့်အလမ်းများ ပိုမိုရရှိလာပြီး အရင်းအနှီးဈေးကွက် ပေါ်ထွန်း လာရေးအတွက် အစိုးရကိုယ်စား (၃)နှစ်နှင့် (၅)နှစ် သက်တမ်းရှိ ကျပ်တစ်သောင်းတန်နှင့် ကျပ်တစ်သိန်းတန် အစိုးရငွေတိုက်စာ ချုပ်များကို ရန်ကုန်မြို့တွင် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှစ၍လည်းကောင်း၊ မန္တလေးမြို့တွင် ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ လည်းကောင်း ထုတ်ဝေရောင်းချခဲ့ပါသည်။ (၃)နှစ် သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေ တိုက်စာချုပ်များကို ၁၉၉၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍လည်းကောင်း၊ (၅)နှစ်သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေတိုက်စာချုပ်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင်လည်းကောင်း ထုတ်ဝေရောင်းချခဲ့ပါသည်။ (၁-၁-၂၀၁၀)နေ့မှစ၍ (၂)နှစ်သက်တမ်းရှိ ကျပ်တစ်သောင်း တန်၊ ကျပ်တစ်သိန်းတန်၊ ကျပ်တစ်သန်းတန်နှင့် ကျပ်ဆယ်သန်းတန် အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခဲ့ပြီး၊ (၃)နှစ်နှင့် (၅)နှစ် သက်တမ်းရှိ ကျပ်ဆယ်သန်းတန် အစိုးရငွေတိုက်စာချုပ်များကို အသီးသီး တိုးချဲ့ ထုတ်ဝေရောင်းချခဲ့ပါသည်။ ၎င်းစာချုပ်များ အပေါ် လက်ရှိအတိုးနှုန်းမှာ (၁)နှစ်လျှင် (၂)နှစ် သက်တမ်းရှိ စာချုပ်အပေါ် (၈.၇၅%)၊ (၃)နှစ်စာချုပ်အပေါ် (၉.ဝ%)နှင့် (၅)နှစ် စာချုပ်အပေါ် (၉့၅%) ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေး (MSEC) ကုမ္ပဏီလီမိတက်တို့အား အစိုးရငွေတိုက်စာချုပ်များရောင်းချရန် Underwriter များအဖြစ် (၁.၁.၁၀) မှစပြီး ခန့်ထားဆောင်ရွက်စေခဲ့ပါသည်။

 

  • မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)
    (ဘဏ်များဇုံ ၊ မြတ်ပန်းသဇင်လမ်း၊ ဖုန်း ၀၆၇-၄၂၁၃၁၄)
  • မြန်မာ့စီးပွားရေးဘဏ်၊ ငွေစုဘဏ်ခွဲ(၁)၊ ရန်ကုန်မြို့
    (၄၉/၅၃၊ ပန်းဆိုးတန်းလမ်း၊ ဖုန်း ၃၈၃၅၆၉ ၊ ၃၇၅၆၆၁ )
  • မြန်မာ့စီးပွားရေးဘဏ်၊ ငွေစုဘဏ်ခွဲ(၂)၊ ရန်ကုန်မြို့
    (၁/၁၉၊ ဆူးလေဘုရားလမ်း၊ ဖုန်း ၃၇၈၂၃၃ ၊ ၃၇၈၂၁၁ ၊ ၃၇၆၉၃၉)
  • မြန်မာ့စီးပွားရေးဘဏ်၊ ငွေစုဘဏ်ခွဲ(၃)၊ ရန်ကုန်မြို့
    ( ကုန်သည်လမ်းနှင့်ဆူးလေဘုရားလမ်းဒေါင့်၊ ဖုန်း ၃ရ၉၄၃၂ ၊ ၃ရ၉၄၃၅ )
  • မြန်မာ့စီးပွားရေးဘဏ်၊ ငွေစုဘဏ်ခွဲ(၄)၊ ရန်ကုန်မြို့
    (၇၀ ၊ ဘဏ်လမ်း၊ ပန်းဆိုးတန်းလမ်းဒေါင့် ၊ ဖုန်း ၃၈၂၈၄၃ ၊ ၃၇၆၈၂၉ )
  • မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)၊ မန္တလေးမြို့
    ( ခရိုင်မန်နေဂျာ၊ ဘဏ်(၁)၊ ၂၆(B)လမ်းဒေါင့်၊ အောင်မြေသာဇံမြို့နယ်၊ ဖုန်း ၀၂-၃၅၉၀၅၊ ၂၁၀၆၀၊ ၆၀၈၁၂၊ ၆၀၇၉၈)
  • မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၂)၊ မန္တလေးမြို့
    ( ၂၄/၈၃ လမ်းဒေါင့်၊ အောင်မြေသာဇံမြို့နယ်၊ ဖုန်း ၀၂-၃၅၉၁၁၊ ၀၂-၆၀၆၄၂ )
  • မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၃)၊ မန္တလေးမြို့
    ( ၈၇/၈၈၊ ၂၆(B)လမ်း၊ အောင်မြေသာဇံမြို့နယ်၊ ဖုန်း ၀၂-၃၅၆၆၄ )
  • မြန်မာ့ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်
    (အမှတ်(၂၁-၂၅)၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်၊ ဖုန်း ၃၇၄၈၉၄ ၊ ၃၈၇၀၃၂ )

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀ (အရှေ့စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀ (အနောက်စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁,၀၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁,၀၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၂) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀ (အရှေ့စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀ (အနောက်စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁,၀၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁,၀၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၃) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀ (အရှေ့စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀ (အနောက်စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁,၀၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁,၀၀၀,၀၀၀ (အနောက်စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀,၀၀၀ (အရှေ့စာမျက်နှာ)

(၅) နှစ်ငွေတိုက်စာချုပ်-ကျပ် ၁၀,၀၀၀,၀၀၀ (အနောက်စာမျက်နှာ)