Cyber Security Awareness နှင့် စပ်လျဉ်း၍ Knowledge Sharing ကျင်းပခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ အရာထမ်း/အမှုထမ်းများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် အသုံးပြုလျက်ရှိသော IT System များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် လုံခြုံမှုရှိစေရန်အတွက် ATG Systems Co.,Ltd မှ Internet အသုံးပြုသူများ ရှောင်ကြဉ်ရမည့်အချက်များနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း၊ Hi-Link Co., Ltd မှ Email အသုံးပြုသည့် User များအနေနှင့် နည်းပညာတိုက်ခိုက်မှုများ (Cyber Attacks) အား အခြေခံသဘောတရားများ သိရှိ စေရန်၊ Email အသုံးပြုမှုနှင့်ပတ်သက်၍ လုံခြုံစိတ်ချရသော အသုံးပြုမှု နည်းလမ်းကောင်းများအား လည်းကောင်း ကောင်းမွန်စွာ သိရှိ နားလည်စေရန်နှင့် BIM Advanced Technology Co.,Ltd မှ နည်းပညာလုံခြုံရေး (Cyber Security) နှင့် ပတ်သက်၍ လိုက်နာ/ရှောင်ကြဉ်ရမည့် အချက်များအား သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ Cyber Security Awareness Knowledge Sharing အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်တွင် ၁၅-၉-၂၀၂၅ ရက်နေ့မှ ၁၆-၉-၂၀၂၅ ရက်နေ့အထိ ကျင်းပခဲ့ရာ နေပြည်တော်မှ အရာထမ်း၊ အမှုထမ်း (၈၁) ဦးမှ In Person ဖြင့် လည်းကောင်း၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့မှ အရာထမ်း၊ အမှုထမ်း (၄၃) ဦးမှ Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ပါသည်။
