Encouragement of AML/CFT Guidance
ဘဏ်ဒါရိုက်တာများခန့်အပ်ခြင်း၊ မတည်ငွေရင်းတိုးမြှင့်ထည့်ဝင်ခြင်း၊ အစုရှယ်ယာများ လွှဲပြောင်းခြင်း နှင့်ဘဏ်ချေးငွေဖြင့်ဝင်ငွေရလမ်းတင်ပြခြင်းများအပေါ် စိစစ်ကြီးကြပ်ဆောင်ရွက်သည့်လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်း
၁။ မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် The Financial Action Task Force (FATF) ၏ အထူးဂရုပြုစောင့်ကြည့်ရန်လိုအပ်သော နိုင်ငံများစာရင်းတွင် ၂၀၁၄ မှ ၂၀၁၆ အထိ ပါဝင်ခဲ့ပါသည်။ လွန်ခဲ့သည့်(၂)နှစ် အတွင်း ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလောကကို FATF မှ တဖန်ပြန်လည်ဂရုပြုစောင့်ကြည့် လာခဲ့ပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် FATF မှ ထုတ်ဝေသည့် Mutual Evaluation Report တွင်မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်း များ၏ လိုအပ်ချက်များကို ထောက်ပြဝေဖန်ခြင်းပြုခဲ့ပါသည်။
