နိုင်ငံတော်အတွင်း နိုင်ငံခြားငွေများအား Online မှတစ်ဆင့် တရားမဝင် အရောင်းအဝယ်ပြုလုပ်မှုများနှင့် ငွေကြေးလိမ်လည်မှုများအပေါ် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု အခြေအနေများကို အသိပေးခြင်း

၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်ပေါ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သည့် နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော် သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။    နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၁၅-၁-၂၀၂၆ ရက်နေ့အထိ) တို့တွင် နိုင်ငံခြားငွေရောင်းချပေးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

ငွေကြေး အမျိုးအစား

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်

၂၀၂၅-၂၀၂၆

(၁၅-၁-၂၀၂၆ ရက်နေ့ အထိ)

ဘဏ်အချင်းချင်းရောင်းဝယ်မှု

USD in million

၁,၂၂၄.၆၀

၁,၁၄၇.၁၇

FX Trading Platform တွင်

ရောင်းချပေးမှု

USD in million

CNY in million

THB in million

၃,၄၇၂.၄၁

၁,၆၃၄.၄၇

၁၆,၀၄၇.၁၃

၃,၀၉၂.၄၉

၁,၀၇၄.၀၄

၁၀,၇၅၉.၃၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမှု

USD in million

CNY in million

THB in million

၁,၇၀၃.၄

၁၂၆.၅၃

၃၂၂.၀၀

၁,၁၇၂.၃၈

၂၈၈.၉၆

၆၆၉.၄၈

၃။    နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့သည့်ပမာဏအနက်မှ အရေးကြီးကဏ္ဍများ ဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် အမေရိကန်ဒေါ်လာ 3 Billion ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၁၅-၁-၂၀၂၆ ရက်နေ့ အထိ) တွင် အမေရိကန်ဒေါ်လာ 3 Billion ကျော် ရောင်းချပေးခဲ့ပါသည်။
၄။    ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရ ထုတ်ပြန်သော ညွှန်ကြားချက် များကို နိုင်ငံခြားငွေများလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား စစ်ဆေးလျက်ရှိသည့်အပြင် လိုင်စင် မရှိဘဲ အရောင်းအဝယ်ပြုလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
၅။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူ ရောင်းချ လဲလှယ်ခြင်းကို ဆောင်ရွက် လျက်ရှိသည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများအား အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်ခြင်းကို ဆောင်ရွက် လျက်ရှိရာ ကျော်စောသတင်း ပေါ်ပေါက်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော်စောသူ များ၏ ဘဏ်စာရင်းများနှင့် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းများအား စိစစ်၍ အရေးယူ နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး ၎င်းအဖွဲ့အစည်းများကို အများပြည်သူ သတိပြုဆင်ခြင်နိုင် ရန် မကြာခဏ အသိပေးဆောင်ရွက်လျက်ရှိပါသည်။

၆။    လူမှုကွန်ယက်စာမျက်နှာများတွင် USDT အရောင်းအဝယ်ပြုလုပ်ရန် ဖော်ပြထားသည့် ကြော်ငြာများရှိ ဖုန်းနံပါတ်များ၊ ငွေစာရင်းအမှတ်များဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်ခဲ့ သည့် လူပုဂ္ဂိုလ် (၂၃၄) ဦးအား ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားသော လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ ၎င်းတို့၏ ဘဏ်အသီးသီးရှိ ငွေစာရင်းများ (ဘဏ်စာရင်းစုစုပေါင်း (၆၈၇) ခုနှင့် မိုဘိုင်း ငွေရေးကြေးရေးစာရင်း (၂၈၇) ခု) တို့အား ငွေစာရင်း ယာယီတားဆီးထားသည့်အပြင် ပြစ်မှု ကျုးလွန်ကြောင်း ထင်ရှားသည့် အောက်ဖော်ပြပါ လူပုဂ္ဂိုလ် (၅) ဦးအား တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို၍ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ထားပြီး ကျန်လူပုဂ္ဂိုလ်များအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်-

          (က)    ကျော်ကျော်ဦး           ၁၂/လရန(နိုင်)၁၈၈၈၅၈

          (ခ)     ကောင်းထက်စံ          ၁၃/တကန(နိုင်)၂၇၂၈၄၂

          (ဂ)     လှလှ                       ၁၃/လလန(နိုင်)၀၀၅၂၄၅

          (ဃ)    ခင်လွင်လွင်သိမ့်        ၇/ပခက(နိုင်)၁၈၂၃၃၂

          (င)     သာထက်ဇံ               ၁၂/ရပသ(နိုင်)၁၀၂၅၅၁

၇။    တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူရောင်းချလဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် လူမှုကွန်ယက်စာမျက်နှာများအား စုံစမ်းဖော်ထုတ်လျက်ရှိရာ လက်ရှိအချိန်ထိ လူမှုကွန်ယက် စာမျက်နှာ (၁၂၀၁) ခုအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိရာ ငွေစာရင်းအကောင့်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခဲ့ပြီး ဆုံးရှုံးနိုင်ခြေအဆင့် မြင့်မားသည့် လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ လူပုဂ္ဂိုလ် (၁၃၄၂) ဦး၏ ငွေစာရင်းအကောင့်များအား ယာယီတားဆီးထားသည့်အပြင် အောက်ဖော်ပြပါ လူမှုကွန်ယက်စာမျက်နှာများတွင် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်ပါသည်-

          (က)    ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်

          (ခ)     Moe Latt

          (ဂ)     Si Thu & bro များ

          (ဃ)    ရန်ကုန်ငွေဈေး

          (င)     ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange

          (စ)     ဒေါ်လာရောင်းဝယ်

          (ဆ)    December Snow

          (ဇ)     June Lin Htet Naing

          (ဈ)     Htet Yan Money Exchange

          (ည)    Global Value Services-GVS Money Exchange and Transfer

          (ဋ)     Boss Online Money Exchange Services (Family Money Exchange)

          (ဌ)     Lucky Sky Gold Smith (Facebook Page)

          (ဍ)     Nay Myo Htet (Facebook Page)

          (ဎ)     Gold Market Myanmar (Facebook Page)

          (ဏ)   Ye Mon

          (တ)    Naing Lu

၈။    ထို့အပြင် ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှု မြန်ဆန်ရေး အတွက် လုပ်ငန်းအဖွဲ့ (Action Task Force) ကို ဖွဲ့စည်းထားပြီး လူမှုကွန်ယက်စာမျက်နှာများမှ ရရှိသည့် သတင်းအချက်အလက်များအရလည်းကောင်း၊ Action Task Force သို့ လိပ်မူ၍ ရရှိလာ သည့် တိုင်ကြားချက်များအရလည်းကောင်း၊ ဘဏ်များ၏ သတင်းပေးပို့ချက်များအရလည်းကောင်း၊ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့၏ သတင်းပေးပို့ချက်များအရလည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည့် မှုခင်းဖြစ်စဉ်များမှ လူပုဂ္ဂိုလ်များအား တည်ဆဲဥပဒေများနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ 
၉။    သို့ဖြစ်ပါ၍ တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူရောင်းချ လဲလှယ်ခြင်းများနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများသည် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုများအပေါ် ပျက်ပြားစေသည့်အတွက် အများပြည်သူများ အနေဖြင့် အထက်ပါကိစ္စရပ်များအား မပြုလုပ်ကြပါရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိပါက ငွေစာရင်းပိတ်သိမ်းခြင်းအပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အရ လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရလည်းကောင်း ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့်ပါ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်